နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါဇာရှိ ဆေးရုံများ တိုက်ခိုက်ခံရမှု ကမ္ဘာ့နိုင်ငံများ ရှုတ်ချ

ဂါဇာ ဇွန် ၁

ဂါဇာဒေသရှိ ဆေးရုံများကို အစ္စရေး၏ တိုက်ခိုက်မှုအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်က ပြစ် တင်ရှုတ်ချပြီး  ဂါဇာဒေသတွင်း ကျန်းမာရေး အကျပ်အတည်းကို ပိုမို ဆန်းစစ်မှုလုပ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းအဝေးတွင် မေ ၃၁ ရက်က တောင်းဆိုလိုက်သည်။ 

ဂါဇာဒေသအတွင်း အငတ်ဘေး ဆိုက်ရောက်မည့် ဘေးအန္တရာယ် ပိုကြီးထွားလာနေမှုအပေါ် အချို့နိုင်ငံ များက အစ္စရေးကို အပြစ်တင်နေကြ ပြီး WHO ကမူ ကျန်းမာရေးအဆောက် အအုံများ တိုက်ခိုက်ခံရမှု ဖြစ်စဉ် ရာပေါင်းများစွာကို မှတ်တမ်းတင် ထားသော်လည်း ပြစ်တင်ခြင်း မရှိ ကြောင်း သိရသည်။

ဂါဇာဒေသတွင် ကပ်ဘေးဆိုက် နေသည့် လူသားချင်းစာနာမှု အကျပ် အတည်းကို အရှိန်မြှင့်မှတ်တမ်းတင်ရန် နှင့် အစီရင်ခံရန်အတွက် လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းမည့် အဆိုပြုချက် တစ်ရပ်ကို  နိုင်ငံအစုအဖွဲ့အချို့က ထောက်ခံလျက်ရှိသည်။







(ref:Reuters)






အခြားဆက်စပ်သတင်းများ