နယူးဒေလီ ဇွန် ၁
အိန္ဒိယနိုင်ငံ အင်ဂျင်နီယာအဖွဲ့ သည် Star Wars ရုပ်ရှင် ဖန်တီးမှုကို အတုယူပြီး ရေရှားပါးမှုပြဿနာကို တိုက်ဖျက်နိုင်မည့် စက်တစ် မျိုးကို တီထွင်ထားကြောင်း မေ ၃၁ ရက် သတင်းများအရ သိရသည်။
ကီရာလာပြည်နယ်ရှိ ကောလီကွတ် မြို့တွင် ရေအလွန်ရှားပါးနေပြီး ဒေသခံ များသည် တစ်နေ့လျှင် ရေတစ်ထမ်း သာ ခွဲတမ်းရရှိသဖြင့် ယင်းဒေသ တွင်နေထိုင်သူ အင်ဂျင်နီယာ ကျောင်း သား ဆွာနေးနှင့်အဖွဲ့က လေက တစ်ဆင့်ရေထုတ်နိုင်သည့်စက် (air-to- water device)ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ယင်းစက်သည် အပူကွိုင်များကို အသုံးပြုပြီး လျှပ်ကူးဧရိယာ ဖန်တီးကာ လေထုထဲတွင် ရေငွေ့စုပ်ယူခြင်းဖြစ်ပြီး နေအပူရှိန် သို့မဟုတ် ပြည့်ဖြိုးမြဲ စွမ်းအင်သုံးကာ အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ပေး၍ ရေငွေ့များကို အရည် ပျော်စေခြင်းဖြစ်သည်။
သိုလှောင်ပုံးထဲ ရောက်သွားပါက သောက်သုံးရန် သင့်တော်သည့် pH ပမာဏ ချိန်ညှိမည်ဖြစ်ပြီး ရေငွေ့ စုပ်စက်များသည် တစ်နေ့လျှင် ရေ ၁ ဒဿမ ၅ လီတာ စုပ်ယူပေးနိုင်စွမ်း ရှိကာ ရေငွေ့စုပ်ယူပြီး သောက်ရေ ဖန်တီးရန် အချိန် ၁၂ နာရီအထိ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
ရေငွေ့စုပ်စက်များမှ တစ်နေ့လျှင် ရေ ၂၀၀၀ လီတာ သို့မဟုတ် ဂါလံ ၅၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး လက်ရှိအချိန်တွင် ဒေတာစင်တာများ၌ စမ်းသပ်စီမံကိန်းအဖြစ်ထားရှိရန် စီစဉ် နေကြောင်း သိရသည်။
(ref : Indian Today)