စင်ကာပူ ဇွန် ၁
တရုတ်နှင့်အမေရိကန်ကြား ထိုင်ဝမ် အရေးအပါအဝင် အခြားပြဿနာများ အား ထိန်းချုပ်နိုင်ရန်နှင့် စစ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန် ကာကွယ်ရေး အကြီးအကဲနှင့် တရုတ် ကာကွယ်ရေး အကြီးအကဲများသည် စင်ကာပူတွင် မေ ၃၁ ရက်က တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။
၎င်းတို့၏တွေ့ဆုံမှုသည် ၁၈ လတာကာလအတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကာကွယ်ရေးဦးစီး ချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်လာသည့် နှစ်ပတ်လည် လုံခြုံ ရေးဖိုရမ်အပြီး သီးသန့်တွေ့ဆုံကြခြင်း လည်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ထိုင်ဝမ်သမ္မတ လိုင်ချင်တီ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ထိုင်ဝမ်ပြဿနာသည် အမေရိကန် နှင့်တရုတ်အကြား အငြင်းပွားမှုများ အနက် အဓိကပြဿနာ တစ်ခုအဖြစ် တည်ရှိနေသည်။
သမ္မတဘိုင်ဒင်အစိုးရနှင့် တရုတ် တို့သည် နှစ်နိုင်ငံကူးလူးဆက်ဆံမှု များမြှင့်တင်ကာ ပြဿနာများ နည်း ပါးစေရန် နှစ်ဦးနှစ်ဖက်ကြိုးပမ်းနေပြီး ပြီးခဲ့သည့်လကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်သည် ပေကျင်းနှင့်ရှန်ဟိုင်းသို့ လာရောက်ခဲ့ ကြောင်း သိရသည်။
(ref:CNA)