နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်း နည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ကို ခန့်အပ်

မေ  ၃၀

ဘာစီလိုနာအသင်းက နည်းပြဇာဗီ၏ နေရာတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီအသင်း နည်းပြဟောင်း ဟန်ဆီဖလစ်ကို ၂ နှစ်စာချုပ် ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရ သည်။

ဘာစီလိုနာအသင်း နည်းပြ ဇာဗီသည် ပြီးခဲ့သည့် ဘောလုံး ရာသီက အသင်းကို စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အသင်းနှင့်အတူ စပိန်လာလီဂါ ဆုဖလား ဆွတ်ခူးနိုင်ခဲ့ကာ အောင်မြင်မှုရရှိခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်ပိုင်း မတည်ငြိမ်မှုများ ‌ကြောင့် စပိန်လာလီဂါဆုဖလား လက်လွှတ်ခဲ့ရကာ ဆုဖလား လက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရပြီး နောက် အသင်းနှင့် စာချုပ်သက် တမ်း တစ်နှစ်ကျန်ရှိနေသော် လည်း နည်းပြရာထူးမှ နုတ် ထွက်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၉ နှစ်အရွယ်ရှိ နည်းပြ ဟန်ဆီဖလစ်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်း ကို တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ ပြီး အောင်မြင်မှုရရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်က ဂျာမနီအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိ သည့်အတွက် နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်း လက်မဲ့ဖြစ်နေရာ ယခုအခါတွင် ဘာစီလိုနာအသင်း နည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။           






သူရိန်






အခြားဆက်စပ်သတင်းများ