နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူဝန်ကြီးချုပ်သစ် အာဆီယံနိုင်ငံများသို့ မိတ်ဆက်ခရီးစဉ် သွားရောက်မည်

စင်ကာပူ မေ ၃၀

စင်ကာပူဝန်ကြီးချုပ်သစ် လောရန့်စ်ဝေါင်းသည် စင်ကာပူ နိုင်ငံဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အနီးဆုံး အိမ်နီးချင်း နိုင်ငံ မလေးရှားမှစ၍ ကျန်အာဆီယံ နိုင်ငံများသို့ မိတ်ဆက်ခရီးစဉ်သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်လောရန့်စ်ဝေါင်း သည် ယခင်က အကြိမ်ပေါင်းများစွာ မလေးရှားနိုင်ငံသို့ သွားရောက် ဖူးသော်လည်း ယခုတစ်ကြိမ်သည် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်လောရန့်စ်ဝေါင်းသည် မလေးရှားအပါအဝင် အာဆီယံနိုင်ငံ များနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ကတိကဝတ်များကို ထပ်မံအတည် ပြုရန် စီစဉ်ထားကြောင်း သိရသည်။

မလေးရှားကို  ကနဦးခရီးစဉ် အဖြစ်သွားရောက်ခြင်းသည် နီးကပ် သည့် အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း ကြောင့်သာမက လာမည့် ၂၀၂၅ ခုနှစ် တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာ မည် ဖြစ်သဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များ မြှင့်တင် နိုင်ရန် လက်တွဲဆောင်ရွက်လိုခြင်းဖြစ် ကြောင်း  မစ္စတာဝေါင်းက ဆိုသည်။                                                                                                                      







(ref:CNA)






အခြားဆက်စပ်သတင်းများ