ဘိုဂိုတာ မေ ၃၀
ကိုလံဘီယာနိုင်ငံ ကွန်ဂရက် လွှတ်တော်တွင် ခုနစ်နှစ်တာကာလ အတွင်း တားမြစ်ပိတ်ပင်ရန် ကြိုးစားသော်လည်း အောင်မြင်မှုမရ ခဲ့သည့် နွားရိုင်းသတ်ပွဲ ကျင်းပမှုကို မေ ၂၉ ရက်တွင် တရားဝင် တားမြစ် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
လူမှုရေး အသင်းအဖွဲ့များနှင့် နိုင်ငံ ရေး အဖွဲ့အစည်းများ၏ ယဉ်ကျေးမှု ဆိုင်ရာ ဓလေ့များကြောင့် နွားရိုင်း သတ်ပွဲကို ဆက်လက် ထိန်းသိမ်းသွား ရန် အရေးဆိုမှုရှိနေသည့်ကြားက ယခု ကဲ့သို့ ကွန်ဂရက်တွင် ဥပဒေပြဋ္ဌာန်းပြီး တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းကို ကွန်ဂရက် က ထောက်ခံမဲပေါင်း ၉၃ မဲ ၊ ကန့်ကွက်မဲ နှစ်မဲနှင့် အတည် ပြုလိုက်ခြင်းဖြစ်ပြီး ကိုလံဘီယာဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးကလည်း ကွန်ဂရက် အနေဖြင့် ယခုကိစ္စရပ်အပေါ် တိကျ သည့် စည်းမျဉ်းစည်းကမ်းများ ထုတ် ပြန်ရန် တိုက်တွန်းထားကြောင်း သိရ သည်။
ကိုလံဘီယာတွင် နွားရိုင်းသတ်ပွဲ များ ကျင်းပမှုကို ပိတ်ပင်ခြင်းသည် အလုပ်သမား အများအပြားကို ထိခိုက်နစ်နာစေကြောင်း ဒေသခံ အချို့က ပြောကြားထားသော်လည်း တိရစ္ဆာန်ချစ်သူအဖွဲ့များကမူ ယင်း ဥပဒေပြဋ္ဌာန်းမှုကို ကြိုဆိုထောက်ခံကြ ကြောင်း သိရသည်။
ယခုကဲ့သို့ နွားရိုင်းသတ်ပွဲများ ကျင်းပမှုကို အာဂျင်တီးနားနှင့် ကျူးဘား နိုင်ငံများတွင်လည်း ဥပဒေပြဋ္ဌာန်းပြီး တားမြစ်ပိတ်ပင်ထားသည်။
(ref:Reuters)