နယူးဒေလီ မေ ၃၀
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပ ရာဒက်ရှ် ပြည်နယ်တွင် ပြင်းထန်သည့် အပူလှိုင်း ကျရောက်နေသဖြင့် လျှပ်စစ် ထရန်စဖော်မာများရှေ့တွင် အအေးပေး စက်နှင့် ပန်ကာများ တပ်ဆင်ထား ကြောင်း သိရသည်။
အပူချိန်မြင့်တက်လာမှုကြောင့် လေအေးပေးစက်နှင့် အခြားပစ္စည်းများ အသုံးပြုမှု မြင့်တက်လာပြီး ဓာတ်အား ထရန်စဖော်မာများဝန်အား တက်လာ စေကြောင်း လပ်ခ်နောင်း ဓာတ်အားပေး စက်ရုံမှ ဌာနခွဲမှူး ရာဂျိယာဒက်က ပြော သည်။
ဓာတ်အားပေးစက်ရုံရှိ ထရန် စဖော်မာများတွင် အပူချိန်လွန်ကဲမှုကို ရှောင်ရှားရန်နှင့် ကိရိယာများထိန်း သိမ်းရန်အတွက် လျှပ်စစ်ဌာနက အအေးပေးစက်များနှင့် ပန်ကာကြီးများ တပ်ဆင်ကာ ဘေးအန္တရာယ်မဖြစ်စေရန် ထရန်စဖော်မာများ၏ အပူချိန်ကို ၆၀ မှ ၆၅ ဒီဂရီ စင်တီဂရိတ်အတွင်း ထားရှိလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် အပူလှိုင်း ဆက်လက်ပျံ့နှံ့နေပြီး အနောက်ပိုင်း ရာဂျစ တန်ပြည်နယ်တွင် အပူဒဏ် ကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ထား သည်။
(ref:BBC)