ဘန်ကောက် မေ ၃၀
ထိုင်းနိုင်ငံတွင် တစ်ကြိမ်လျှင် ရက်ပေါင်း ၁၈၀ အထိ နေထိုင်ခွင့်ရှိသည့် ငါးနှစ် ဗီဇာအမျိုးအစားသစ် Desti -nation Thailand Visa ကို ထိုင်း အစိုးရ က မေ ၂၉ ရက်တွင် ကြေညာ လိုက်သည်။
ဗီဇာအမျိုးအစားသစ်သည် ဇွန် ၁ ရက်တွင် စတင်သက်ဝင်မည်ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာ၊ နိုင်ငံခြားသား ကျောင်းသားများနှင့် အငြိမ်းစားများအတွက် ကာလရှည် နေထိုင်ခွင့် စသည့် စည်းမျဉ်းသစ်များ ပါဝင်သည်။
ယင်းဗီဇာအမျိုးအစားသစ်သည် ပြည်ပခရီးသွားများကို ဆွဲဆောင်ရန် ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ရသည့် နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးလာမည်ဟု အစိုးရပြောခွင့်ရှိသူ မစ္စတာချိုင်းဝါချရွန်ခေက ပြောသည်။
ထပ်တိုးလာမည့် ၃၆ နိုင်ငံတွင် ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျမေကာ၊ ကာဇက်စတန်၊ လာအို၊ မက္ကဆီကို၊ မော်ရိုကိုနှင့် ဥဇဘက်ကစ္စ တန်တို့လည်း ပါဝင်လာမည်ဖြစ်ပြီး ယခုအစီအစဉ်သည် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုလုပ်ကိုင်သူများ၊ အဝေးက အလုပ်လုပ်နေသူများ၊အလွတ် သတင်းထောက်များ၊ မွေထိုင်းနှင့် ထိုင်းအစားအစာများကို လေ့လာ သင်ယူလိုသူများအတွက် ဖြစ်ကြောင်း မစ္စတာချိုင်းက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ပညာ သင်ကြားနေသည့် နိုင်ငံခြားသား ကျောင်းသားများအတွက်လည်း ဘွဲ့ရပြီး ပါက နောက်ထပ် တစ်နှစ်အထိ ဆက်လက် နေထိုင်နိုင်ကြောင်း၊ ယခုဗီဇာအမျိုးအစားသစ်ဖြင့် ရက် ပေါင်း ၁၈၀ အထိ နေထိုင်ပြီးပါက နောက်ထပ် ရက်ပေါင်း ၁၈၀ ထပ်မံ လျှောက်ထားနိုင်ကြောင်း သိရသည်။
(ref:Bangkok Post)