နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီပရိုလိဂ် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး စီရော်နယ်ဒို မှတ်တမ်းဝင်

မေ ၂၉

ဆော်ဒီပရိုလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် အယ်နာဆာအသင်း က အယ်အီသီဟတ်အသင်းနှင့် တွေ့ဆုံခဲ့သည့် ပွဲစဉ်တွင် စီရော် နယ်ဒိုက အယ်နာဆာအသင်း အတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူ နိုင်ခဲ့သောကြောင့် သွင်းဂိုး ၂၅ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစား သမားဖြစ်လာခဲ့ပြီး လိဂ်သမိုင်း တွင် ဘောလုံးရာသီတစ်ခုအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ရရှိခဲ့ သည်။

အယ်နာဆာ အသင်းက  အယ်အီသီဟတ်အသင်းကို လေး ဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ စဉ်တွင် တိုက်စစ်မှူး စီရော်နယ် ဒိုက ပထမတွင် အသင်း အတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံး ရာသီတွင် သွင်းဂိုး ၃၅ ဂိုးထိရှိ လာခဲ့ပြီး လိဂ်သမိုင်းတွင် ၂၀၁၈- ၂၀၁၉ ဘောလုံးရာသီက သွင်းဂိုး  ၃၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေ သည့် အယ်နာဆာအသင်းက တိုက်စစ်မှူးဟောင်း ဟမ်ဒယ်လ် လာ၏ စံချိန်ကို ကျော်ဖြတ်နိုင် ခဲ့သည်။

တိုက်စစ်မှူး စီရော်နယ်ဒို သည် ယခုနှစ် ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲတွင် အသင်း အတွက် ၃၁ ပွဲ ပါဝင်ခဲ့ရာတွင် သွင်းဂိုး ၃၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိ ပြုလုပ်ကာ ခြေစွမ်း ပြသ၍ တစ်ဦးချင်းအောင်မြင်မှု ရယူနိုင်ခဲ့သော်လည်း အသင်း အနေဖြင့် ဘောလုံးရာသီကုန်ဆုံး ချိန်တွင် ဆော်ဒီဖလား၊ အေအက် ဖ်စီ ချန်ပီယံလိဂ်ဖလားတို့နှင့် လွဲချော်ခဲ့သည့်အပြင် အမှတ်ပေး ပြိုင်ပွဲတွင်လည်း အဆင့်(၂)၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။                             





သူရိန်






အခြားဆက်စပ်သတင်းများ