ဝါရှင်တန် မေ ၂၉
အတ္တလန္တိတ် သမုဒ္ဒရာကို ဆန်း သစ်လေ့လာမှုတစ်ခု ပြုလုပ်ရန် အတွက် အငြိမ်းစားရေတပ်အရာရှိ ဂျိုဆပ်ဒီတူရီကို သိပ္ပံပညာရှင်များက ရေအောက်တွင် သုံးလကျော် နေထိုင် စေရာ ၎င်းသည် သတ်မှတ်ကာလ ပြည့်ပြီဖြစ်၍ မေလတတိယပတ်တွင် ကုန်းမြေပေါ် ပြန်ရောက်လာပြီဖြစ် ကြောင်း သိရသည်။
ရေအောက် ဖိအားသိပ်အခန်း အတွင်း နေထိုင်ခြင်းသည် လူ့ခန္ဓာ ကိုယ်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်မည်ဆိုသည်ကို ပညာရှင်များက လေ့လာလိုခြင်းဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာအောက် သုံးလကျော် နေထိုင်နိုင်မည့်သူကို ရွေးချယ်ကာ ဖေဖော်ဝါရီလက စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရေတပ်အရာရှိ ဒီတူရီပြန် ထွက် လာချိန်တွင် ၎င်းသည် ၁၀ နှစ်ခန့် ပိုမို နုပျိုသွားသည်ကိုတွေ့ရပြီး ဆေးစစ် မှုများ ပြုလုပ်ပြီးနောက် ခရိုမိုဆုန်း အဆုံးဖက်ရှိ ဒီအင်န်အေသည် ယခင် သုံးလကထက် ၂၀ ရာခိုင်နှုန်း ပိုမိုရှည် လျားသည်ကို တွေ့ရှိကြောင်း ဆိုသည်။
ထို့ပြင် ပင်မစတမ်းဆဲလ် အရေ အတွက်လည်း မြင့်မားလာကာ ကောင်းစွာအိပ်စက်နိုင်ပြီး ကိုလက်စ် ထရောလ်အမှတ် တိုင်းတာမှုတွင် ၇၂ မှတ် ကျဆင်းသွားသည့်အပြင် ရောင်ရမ်းခြင်းကို ဖော်ပြသည့် သတ် မှတ်ချက်များလည်း ထက်ဝက်နည်း ပါးသွားကြောင်း သိရသည်။
(ref:Daily Mail)