ပို့စ်မော်ဘီ မေ ၂၉
ပါပူဝါးနယူးဂီနီနိုင်ငံ မြောက်ပိုင်း တွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် မြေအောက်တွင်ပိတ်မိ၍ သေဆုံးသူ သည် နှစ်ရက်အတွင်း လူပေါင်း ၂,၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ကုလသမဂ္ဂထံ တင်ပြသည်။
နိုင်ငံမြောက်ဘက် အန်ဂါပြည်နယ်ရှိ ယမ်ဘာလီရွာတစ်ဝိုက် မြေအောက်မြုပ် သွားသူ အရေအတွက်သည် ဆက်လက် မြင့်တက်လာနိုင် ဖွယ်ရှိပြီး မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသ တာဝန်ရှိသူများက ပြောသည်။
လူပေါင်း ၄၀၀၀ ခန့် နေထိုင် သည့် အဆိုပါဒေသတွင် ညအိပ် ပျော်နေချိန် မြေပြိုကျခြင်းဖြစ်ပြီး ဝေးလံခေါင်သီသည့် ဒေသဖြစ်သည့် အပြင် မတည်ငြိမ်သည့် မြေမျက်နှာ သွင်ပြင် အနေအထားများကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များ နှောင့်နှေးနေကြောင်း သိရသည်။
နိုင်ငံသဘာဝဘေးဆိုင်ရာ ဗဟိုဌာန က သေဆုံးသူစာရင်းကို လူသိရှင်ကြား ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂသို့ ပေးပို့သည့် စာရင်းတွင် သေဆုံးသူ စုစုပေါင်း ၂,၀၀၀ အထိ တိုးလာကာ မြေပြိုမှုကြောင့် အဆောက်အအုံနှင့် စားနပ်ရိက္ခာခြံများလည်း ပျက်စီးသွား ကြောင်း သိရသည်။
(ref:AFP)