ဝါရှင်တန် မေ ၂၉
အမေရိကန် ကန်တပ်ကီပြည်နယ် တွင် အင်အားပြင်း လေဆင်နှာမောင်း မွှေနှောက်သွားပြီးနောက် ပြည်နယ် တစ်ခုလုံးကို အရေးပေါ် အခြေအနေ သတ်မှတ်ထားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးယားက မေ ၂၈ ရက်တွင် ကြေညာသည်။
လေဆင်နှာမောင်းဖြစ်စဉ်အတွင်း လူလေးဦးသေဆုံးပြီး နေအိမ်အများ အပြား ပျက်စီးသွားကာ အမေရိကန် နိုင်ငံတောင်ပိုင်း လွင်ပြင်ဒေသနှင့် အိုဇာ့(ခ်)ဒေသတွင် မိုးကြိုးမုန်တိုင်း နှင့်အတူ လေဆင်နှာမောင်းတိုက်ခတ် သွားခြင်းကြောင့် အနည်းဆုံးလူ ၂၁ ဦး သေဆုံးကြောင်း သက်ဆိုင်ရာက ထုတ် ပြန်ထားသည်။
မိုးလေဝသကျွမ်းကျင်သူများကမူ ယင်းဒေသများတွင် ဆိုးရွားပြင်းထန် သည့် ရာသီဥတုဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်း ထားကာ ရာသီဥတု ဆိုးရွားမှုကြောင့် အမေရိကန်ပြည်သူ ထောင်ပေါင်း များစွာသည် လျှပ်စစ်မီးမရဘဲ ကန် တပ်ကီ ပြည်နယ်တစ်ခုတည်းတွင် နေအိမ်ပေါင်း ၁၈၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက် လျက်ရှိကြောင်း သိရသည်။
အချို့ဒေသများတွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ရက်အတန် ကြာ စောင့်ဆိုင်းရဖွယ်ရှိကြောင်း ကန်တပ်ကီ ပြည်နယ်အုပ်ချုပ် ရေးမှူး ဘီရှီးယားက ပြောသည်။
(ref: AFP)