နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား နျူကလီယားစက်ရုံကို ဥဇဘက်ကစ္စတန်တွင် ဆောက်လုပ်မည်

မော်စကို မေ ၂၉

အာရှအလယ်ပိုင်းနိုင်ငံဖြစ်သည့် ဥဇဘက်ကစ္စတန်တွင် ရုရှားက နျူကလီ ယား ဓာတ်အားပေးစက်ရုံတစ်ခုဆောက် လုပ်ရန် သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဥဇဘက်ကစ္စတန် ခေါင်းဆောင် ရှက်ဗ် ကက်မာဇီယိုယက်ဗ်တို့သည် မြို့တော် တက်ရှ်ကန့်တွင်  တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့  သဘောတူညီလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် အလွန် အရေးပါပြီး  ဥဇဘက်ကစ္စတန်တွင် ရုရှားက  ယူရေနီယံအများအပြား ထိန်းသိမ်းသိုလှောင်ထားကြောင်း၊ ဥဇဘက်၏ နျူကလီယားစွမ်းအင်ကဏ္ဍ ကို အထိရောက်ဆုံးအလုပ်ဖြစ်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သမ္မတ ပူတင် က ပြောသည်။

အဆိုပါ သဘောတူညီချက် အကောင်အထည်ဖော်လိုက်ပါက အာရှ အလယ်ပိုင်းတွင် ပထမဆုံး နျူစက်ရုံ ဖြစ်လာမည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင် Rosatom စွမ်းအင် ကော်ပိုရေးရှင်းက ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ရှိသည့် ဓာတ် ပေါင်းဖို ခြောက်ခုကို ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတပူတင်သည် ငါးနှစ် ဆက်တိုက် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် တတိယမြောက် နိုင်ငံခြား ခရီးစဉ်အဖြစ် ဥဇဘက် မြို့တော်တက်ရှ် ကန့်သို့ သွားရောက်ပြီး ဆွေးနွေးပြောဆို မှုများ ပြုလုပ်ခြင်းဖြစ်သည်။     







 (ref: AP)






အခြားဆက်စပ်သတင်းများ