နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့်သူစာရင်း ဆိုးလ်သံရုံးက ထုတ်ပြန်

ရန်ကုန်   ဇူလိုင်   ၃


Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ မပြန်နိုင်ဘဲ ပြည်ပနိုင်ငံများတွင် ပိတ်နေသူများကို ကိုရီးယားနိုင်ငံက ရန်ကုန်ကိုကယ်ဆယ်ရေးလေယာဉ်ဖြင့်  ဇူလိုင် ၇ ရက်၌ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် လိုက်ပါခွင့်ရသူ တစ်ရာကျော်စာရင်းကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။


လိုက်ပါခွင့်ရရှိသူများက ကိုရီးယားရှိ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကို ဆက်သွယ်ပြီး လက်မှတ်ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာချက်၌ဖော်ပြပါရှိကြောင်း သိရသည်။


အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် Terminal- 1 က ကိုရီးယားစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အထူး လေယာဉ်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် အာရှအခြားနိုင်ငံများက ကိုရီးယားတွင် ခရီးစဉ် ကူးပြောင်း မည့်သူများလည်း မိမိတို့စတင်ထွက်ခွာမည့်နိုင်ငံ၌ သက်ဆိုင်ရာလေကြောင်းလိုင်းများဖြင့် ဝန်စည်စလှယ် တိုက်ရိုက်ကူးပြောင်းလာရန် ခရီးစဉ်အကူးအပြောင်း သတ်မှတ်ချိန်မှာ (၂၄) နာရီရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။


ကိုရီးယားရောက် မြန်မာနိုင်ငံသား(၃၅)ဦး၊ သင်္ဘောသား(၁၅)ဦး၊ အမေရိကန်ပြည်ထောင်စုက (၃၀) ဦး စသဖြင့် လိုက်ပါနိုင်သူစာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ