နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါလက္ခဏာ ဆိုးရွားလာခြင်းကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို အထူးကြပ်မတ်ခန်းသို့ ပို့ဆောင်

ဧပြီ ၇၊ လန်ဒန် COVID-19 ရောဂါလက္ခဏာများ ဆိုးရွားလာခြင်းကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ခန်းသို့ ပြောင်းရွှေ့ကုသပေးနေကြောင်း ဝန်ကြီးချုပ်နေအိမ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဘောရစ်ဂျွန်ဆင်မှာ ကိုယ်ပိုင်ကျန်းမာရေးအဖွဲ့၏ အကြံပေးချက်အရ အထူးကြပ်မတ်ခန်းသို့ ရွှေ့ပြောင်းခဲ့ပြီး အကောင်းဆုံးကုသစောင့်ရှောက်မှုခံယူနေသည်ဟု ဆိုသည်။ အခြေအနေအရ လိုအပ်လာပါက ယင်း၏ လက်ထောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်ကို ဘောရစ်ဂျွန်ဆင်က တောင်းဆိုထားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အသက် ၅၅ နှစ်ရှိသည့် ဘောရစ်ဂျွန်ဆင်မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေက COVID-19 ရောဂါလက္ခဏာ များ ခံစားခဲ့ရခြင်းကြောင့် လန်ဒန်မြို့ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ ဘောရစ်ဂျွန်ဆင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ အမှတ်(၁၀)၊ ဒေါင်းနင်းလမ်းနေအိမ်က အဲလိစဘတ်(၂)ဘုရင်မကြီးထံ အဆက်မပြတ် သတင်းပို့နေသည်ဟု ဘက်ကင်ဟမ်နန်းတော်က ပြောသည်။ ပြီးခဲ့သည့် တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ဘောရစ်ဂျွန်ဆင်ကို အောက်ဆီဂျင်ပေးခဲ့ရပြီး အထူးကြပ်မတ်ခန်းသို့ ပြောင်းရွှေ့စေခဲ့သော်လည်း ယင်းကို အသက်ရှူစက်တပ်ပေးရခြင်းမရှိပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ