မေ ၂၈
တူကီယဲစူပါလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဂါလာတာ စာရေးအသင်းက ကွန်ယာစပေါ် အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ရမှတ် ၁၀၂ မှတ်ဖြင့် အမှတ်ပေးချန်ပီ ယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
တူကီယဲစူပါလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် ဂါလာတာ စာရေးအသင်းနှင့် ဖီနာဘာချီ အသင်းတို့ ရမှတ်သုံးမှတ်သာ ကွာဟနေသောကြောင့် ရာသီ ပိတ်ပွဲစဉ်ထိ ယှဉ်ပြိုင်ခဲ့ရသော် လည်း နောက်ဆုံးပွဲစဉ်၌ ဂါလာ တာစာရေးအသင်းက ကွန်ယာ စပေါ်အသင်းကို အနိုင်ရခဲ့ သဖြင့် အစ္စတန်ဘူလ်စပေါ် အသင်းကို ခြောက်ဂိုးပြတ် အနိုင် ရရှိခဲ့သည့် ဖီနာဘာချီအသင်း သည် ရမှတ် ၉၉ မှတ်ရရှိပြီး ဒုတိယနေရာဖြင့်သာ အဆုံး သတ်ခဲ့ရသည်။
ဂါလာတာစာရေးအသင်း သည် အမှတ်ပေးပြိုင်ပွဲ ၃၈ ပွဲ တွင် ၃၃ ပွဲနိုင် သုံးပွဲသရေ၊ နှစ်ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး တိုက်စစ်ပိုင်းက သွင်းဂိုး ၉၂ ဂိုး သွင်းယူနိုင်ခဲ့ကာ ခံစစ်ပိုင်းက ပေးဂိုး ၂၆ ဂိုး ခွင့်ပြု ခဲ့ရသော်လည်း ဒုတိယနေရာမှ ဖီနာဘာချီအသင်းက ၃၁ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ဖြင့် ဂါလာတာစာရေးအသင်းနှင့် ရမှတ် သုံးမှတ်ကွာဟကာ ချန်ပီ ယံဆုနှင့် လွဲချော်ခဲ့ရသည်။
ဂါလာတာစာရေးသည် တူကီ ယဲစူပါလိဂ် အမှတ်ပေးဆုဖလား ကို နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၄ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ် သည်။
သူရိန်