ပေကျင်း မေ ၂၈
အိမ်မွေးတိရစ္ဆာန် ခွေးများအတွက် BARK Air အမည်ရှိ ပထမဆုံး ဇိမ်ခံ လေကြောင်းလိုင်းကို နယူးယောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့အထိ စတင် ပြေးဆွဲပေးနေကြောင်း သိရသည်။
အဆိုပါ လေကြောင်းလိုင်းတွင် ခရီးသည်များနှင့် ခွေးများအတွက် အရုပ်များနှင့် မုန့်များကို တစ်ပါတည်း ဝန်ဆောင်မှုပေးထားပြီး အဆင့်မြင့် ဇိမ်ကျစွာ ပို့ဆောင်ပေးနိုင်သည့်အပြင် လေဆိပ်ရောက်ရှိကြောင်း Check-In စာရင်းသွင်းရာတွင်လည်း မြန်ဆန်မည် ဖြစ်ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် ခွေးလေးများ အတွက် နှိပ်နယ်ပေးသည့် SPA ဝန်ဆောင်မှု ပါဝင်ကာ လူ ၁၄ ဦးနှင့် ခွေး ၁၀ ကောင်သာ စီးနင်းနိုင်မည် ဖြစ်၍ လက်မှတ် ၁၀ စောင်ထက်ပိုပြီးရောင်းချ ခြင်းမပြုကြောင်း သိရသည်။
လက်ရှိတွင် BARK လေကြောင်း လိုင်းသည် နယူးယောက်၊ လော့စ်အိန် ဂျလိစ်နှင့် လန်ဒန် စသည့်မြို့များကို ပြေးဆွဲပေးနေပြီး ပြည်ပခရီးစဉ် အတွက် ဒေါ်လာ ၈,၀၀၀ ၊ ပြည်တွင်း ခရီးစဉ်အတွက် ဒေါ်လာ ၆,၀၀၀ အထိ သတ်မှတ်ထားသည်။
BARK လေကြောင်းလိုင်းအနေဖြင့် ခရီးစဉ်အသစ်များအတွက် တောင်း ဆိုမှုပေါင်း ၁၅,၀၀၀ ကျော်ကို လက်ခံ ရရှိထားပြီး ပဲရစ်၊ မီလန်၊ ချီကာဂို၊ ဆီအက်တယ်မြို့များ အပါအဝင် ဖလော်ရီဒါနှင့် အရီဇိုးနား ပြည်နယ် များတွင် ရာသီအလိုက် ခရီးစဉ်ပြေး ဆွဲပေးရန် ကုမ္ပဏီ ဘက်က စဉ်းစားနေ ကြောင်း သိရသည်။
(ref:AFP)