နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ကျေးလက် ၁၀၆ ခု သဘာဝဘေး ဒေသအဖြစ် ကြေညာ

တက္ကဆက် မေ ၂၈

ရက်သတ္တပတ်အတွင်း လူခုနစ်ဦး သေဆုံးသွားသည့် မုန်တိုင်းတိုက်ခတ် ပြီးနောက် တက္ကဆက် ပြည်နယ်ရှိ ကျေးလက်ဒေသ ၁၀၆ ခုကို သဘာဝ ဘေး ဒေသများအဖြစ် သတ်မှတ် လိုက်ကြောင်း တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က မေ ၂၇ ရက်တွင် ကြေညာသည်။

အိုကလာဟိုးမား နယ်စပ်အနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက  အားပြင်းသည့် လေဆင်နှာမောင်း  တိုက်ခတ်ခြင်း ကြောင့် သေဆုံးသူများတွင် အသက် ၂နှစ်နှင့် ငါးနှစ်အရွယ်ကလေး နှစ်ဦး ပါဝင်ပြီး အနည်းဆုံး လူ ၁၀၀ ဒဏ်ရာ ရသွားကြောင်း၊ အဆောက်အအုံ ၂၀၀ ကျော်ပျက်စီးပြီး ခရိုင် အများ အပြားတွင် လျှပ်စစ်မီး ပြန်မရသေး ကြောင်း သိရသည်။

အလားတူ အိုင်အိုဝါကျေးလက် ဒေသတွင်လည်း  ပြင်းထန်သည့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူလေးဦး သေဆုံးသွားကာ တက္ကဆက် ပြည်နယ်တွင်လည်း လေဆင်နှာမောင်း တိုက်ခတ်သွားကြောင်း သိရသည်။

 ဇွန် ၁ ရက်တွင် စတင်မည့် ၂၀၂၄ အတ္တလန္တိတ်ဟာရီကိန်းရာသီတွင် ထူးခြားဖြစ်စဉ်များ ကြုံတွေ့နိုင်ချေ ရှိကြောင်း မိုးလေဝသခန့် မှန်းသူများက ပြောဆိုထားပြီး မုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။







(ref:AP)






အခြားဆက်စပ်သတင်းများ