နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါ အကောင်းဆုံးဆု အသင်းတိုင်းကိုဂိုးသွင်းခဲ့တဲ့ လီဝမ်ဒေါစကီး ဆွတ်ခူး

ဇူလိုင် ၃

  

ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ယခုရာသီအတွက် ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။


 ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၁ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၃ ဂိုးရှိလာခဲ့သော လီဝမ်ဒေါစကီးသည် ဘွန်ဒက်စ်လီဂါနောက်ဆုံး ငါးရာသီအတွင်း ဂိုးသွင်းဘုရင်ဆုကို လေးကြိမ်ရယူ နိုင်ရန် အလားအလာကောင်းနေသည်။


 ၂၀၁၉-၂၀၂၀   ဘောလုံးရာသီအတွက် ဘွန်ဒက်စ်လီဂါအကောင်းဆုံးဆုများကို ပရိသတ်များနှင့်ကျွမ်း ကျင်သူများက မဲပေးရွေးချယ်ခဲ့ကြပြီး လီဝမ်ဒေါစကီးက ပထမ၊ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ဒုတိယ၊ လေဗာကူဆင်တိုက်စစ်မှူး ဟာဗက်ဇ်က တတိယဆုများ ရယူနိုင်ခဲ့ကြသည်။ လီဝမ်ဒေါစကီးသည် ဘွန်ဒက်စ်လီဂါကလပ်အသင်းတိုင်းကို ဂိုးသွင်းယူနိုင်သည့် စံချိန်တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားသည်ဟု သိရှိရသည်။


(SO)






အခြားဆက်စပ်သတင်းများ