နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကေတီတေလာ၏ လက်ဝှေ့ပွဲကို သြဂုတ် ၂၂ ရက်တွင် ကျင်းပမည်ဖြစ်

ဇူလိုင် ၃


အိုင်ယာလန်အမျိုးသမီးလက်ဝှေ့မယ် ကေတီတေလာသည် လာမည့် သြဂုတ် ၂၂ ရက်တွင် ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ကာ ပြိုင်ပွဲတစ်ပွဲယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်ဟု သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာလက နောက်ဆုံးလက်ဝှေ့ပွဲထိုးသတ်ခဲ့သော ကေတီတေလာ၏ လက်ဝှေ့ပွဲကို မေ ၂ ရက်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားလာမှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ယခုအခါ နာမည်ကျော် ပွဲစီစဉ်သူ အက်ဒီဟမ်း၏ အစီအစဉ်အရပရိသတ်မပါဘဲ လက်ဝှေ့ပွဲကျင်းပမည်ဖြစ်ပြီး ပြိုင်ဘက်ကိုမူ ရွေးချယ်ရခြင်းမရှိသေးဟု သိရသည်။ ကေတီတေလာအနေဖြင့် ဝိတ်တန်းလေးခု၏ ကမ္ဘာ့ချန်ပီယံဖြစ်သော အမန်ဒါဆာရာနိုနှင့် ယှဉ်ပြိုင်ဖြစ်ဖွယ်ရှိပြီး အကယ်၍ ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက ဘယ်လ်ဂျီယံ လက်ဝှေ့မယ် ဒယ်ဖိုင်းပါဆွန်းနှင့် ထိုးသတ်ရဖွယ်ရှိနေသည်။ 


ကေတီတေလာသည် ယမန်နှစ်ဇွန်လက အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် ဒယ်ဖိုင်းပါဆွန်းနှင့် ထိုးသတ်ခဲ့ပြီး လိုက်ဝိတ်တန်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


(SO)






အခြားဆက်စပ်သတင်းများ