နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UEFA ရဲ့ ထုတ်ပြန်ချက်က မန်စီးတီးတို့ အိမ်ကွင်း ကစားခွင့်လက်လွှတ်ခဲ့ရ

ရန်ကုန် ဇူလိုင် ၃


မန်စီးတီးအသင်းက ချန်ပီယံလိဂ် ၁၆ အသင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲကို အီသီဟက်ကွင်းမှာ ကစားခွင့်မရဘဲ လက်လွှတ်ခဲ့ရတယ်။ ဥရောပပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်နေရတဲ့ ဗြိတိန်အသင်းတွေရဲ့ လက်ကျန်ပွဲစဉ်တွေကို နိုင်ငံပြင်ပကွင်းတွေမှာ ယှဉ်ပြိုင်ကြဖို့ UEFA က စီစဉ်ထားပါတယ်။


ဗြိတိန်အစိုးရကလည်း နိုင်ငံတွင်းဝင်ရောက်လာမယ့် ပြင်ပကစားသမားတွေကို ကွာရန်တင်း ၁၄ ရက် ဝင်ရမယ်လို့ အမိန့်ထုတ်ထားတာက တစ်ကြောင်း၊ မန်စီးတီးရဲ့ အီသီဟက်ကွင်းမှာ လာရောက်ယှဉ်ပြိုင်ရမဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားနဲ့ နည်းပြအဖွဲ့တွေအတွက် ကျန်းမာရေးဆိုင်ရာ စွန့်စားမှုယူရနှုန်းမြင့် မားတယ်လို့ ယူဆထားတာကတစ်ကြောင်း ထို့အပြင် UEFA က ထုတ်ပြန်ထားတဲ့ ချန်ပီယံလိဂ် ၁၆ အသင်း အဆင့်ဒုတိယအကျော့ပွဲတွေကို ပေါ်တူဂီမှာ ဆက်လက်ယှဉ်ပြိုင်ရမယ်လို့ ထုတ်ပြန်ထား တာကြောင့် မန်စီးတီးနဲ့ ရီးရဲလ် မက်ဒရစ်တို့ပွဲ၊ ချယ်ဆီးနှင့် ဘိုင်ယန်ပွဲတွေကို ဩဂုတ်လ ၇-၈ ရက်တွေမှာ ယှဉ်ပြိုင်ကြရမှာဖြစ်တယ်။ ဒါကြောင့် မန်စီးတီးအသင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲကို အိမ်ကွင်းကစားခွင့်မရရှိတော့ကြောင်း သိရသည်။


(SO)






အခြားဆက်စပ်သတင်းများ