နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်း ဂိုးသမား ကာဆန်ကို တစ်နှစ်သက်တမ်းတိုး

မေ ၂၅

မန်စီးတီးအသင်းသည် ယခု လကုန်တွင် အသင်းနှင့် စာချုပ် ကုန်ဆုံးမည့် ဂိုးသမားကာဆန် ကို ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဂိုးသမား ကာဆန်သည် အသင်း ၏ အရန်ဂိုးသမားအဖြစ်တာဝန် ယူရန် မန်စီးတီးအသင်းနှင့် ၂၀၂၀ ပြည့်နှစ်က လက်တွဲခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလတွင် စပို့တင်း လစ္စဘွန်းအသင်းနှင့် ကစားခဲ့ သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံးပွဲ ထွက် ကစားခွင့်ရရှိခဲ့ကာပွဲ ကစားခွင့် လျော့နည်းခဲ့သော် လည်း အသင်း၏ လေ့ကျင့်ရေး  အစီအစဉ်နှင့် အသင်းဖော်များ အတွက် အထောက်အကူပြုပေး သည့် ကစားသမားတစ်ဦးဖြစ် သောကြောင့် မန်စီးတီးအသင်း တာဝန်ရှိသူများက တစ်နှစ် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ကာဆန်သည် ကစားသမား ဘဝကို ၂၀၀၃ ခုနှစ်က လိဒ်ယူ နိုက်တက်အသင်းနှင့် စတင်ခဲ့ သူဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင်လီဗာ  ပူးအသင်း၊ ၂၀၀၅ ခုနှစ်တွင် ရှက်ဖီးအသင်း၊ ၂၀၀၆ ခုနှစ်တွင် ချာတန်အသင်း၊ ၂၀၀၇ ခုနှစ် တွင် အေဗီလာအသင်း၊ ၂၀၀၈ ခုနှစ်တွင် ဝက်စ်ဘရွန်းအသင်း၊ ၂၀၁၁ ခုနှစ်တွင် ဘူဆာစပေါ် အသင်း၊ ၂၀၁၅ ခုနှစ်တွင် ဒါဘီ အသင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်သည်။







သူရိန်






အခြားဆက်စပ်သတင်းများ