နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းရဲတပ်ဖွဲ့များအတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများအတွက် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၇ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အထောက်အကူပြုပစ္စည်းများကို ရွှေရီမင်းကုမ္ပဏီ၊ Steel Bar Manufacturing ကုမ္ပဏီ၊ တရုတ် နိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ မြန်မာစာအထူးပြုကျောင်းသားများအသင်းနှင့် ကမ္ဘာ့နဂါးလုပ်ငန်းရှင်များအဖွဲ့တို့မှ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ပေးအပ်လှူဒါန်းရာတွင် ယင်းကုမ္ပဏီအသင်းအဖွဲ့ ၄ ခုမှ စုစုပေါင်း PPE ဝတ်စုံအစုံ ၂၀ ၊ Mask ၈၆၇၀ ခု၊ လက်သန့်ဆေး ၁၃၉ ဘူး၊ အပူချိန်တိုင်းကိရိယာ ၁၂ ခု၊ ပိုးသတ်ဆေးဖျန်းပုံး ၅၀ ပုံးတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ