နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း တိုနီခရူးစ်ကြေညာ

မေ ၂၄

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား တိုနီ ခရူးစ်က ဂျာမနီအသင်းနှင့် ပါ ဝင်ကစားရမည့် ၂၀၂၄ ယူရိုပြိုင် ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ထား ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

အသက် ၃၄ နှစ် အရွယ်ရှိ တိုနီခရူးစ်သည် လက်ရွေးစင် ကစားသမားဘဝမှ ၂၀၂၁ ခုနှစ် က အနားယူကြောင်း ကြေညာ ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါ ရီလက လက်ရွေးစင်အသင်း၏ ကမ်းလှမ်းမှုကိုပြန်လည်လက်ခံ ကာ  ၂၀၂၄ ယူရိုပြိုင်ပွဲတွင်ပါဝင် ကစားရန် ဆုံးဖြတ်ခဲ့ပြီး ပြိုင်ပွဲ ပြီးဆုံးပါက ကစားသမားဘဝမှ အနားယူရန် ကြေညာခဲ့ခြင်းဖြစ် သည်။၊

ရီးရဲလ်မက်ဒရစ်အသင်းက လည်း တိုနီခရူးစ်အနားယူမည့် အကြောင်းကို အတည်ပြုခဲ့ပြီး ကစားသမားအနေဖြင့် ကလပ် အသင်းသမိုင်းနှင့် ကမ္ဘာ့ဘောလုံး သမိုင်းတွင် ဂန္ထဝင်ကစား သမားတစ်ဦးအဖြစ် ရှိနေမည် ဟု ပြောကြားသည်။

တိုနီခရူးစ်သည် ကစား သမားဘဝတွင် ဆုဖလား ၂၂ ကြိမ်ထိ ရရှိခဲ့ပြီး ဘိုင်ယန်မြူး နစ်အသင်းနှင့်အတူ ချန်ပီယံ လိဂ်ဖလားကိုးကြိမ် ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားလေးကြိမ်အပါ အဝင် ဆုဖလား ၁၃ကြိမ် ဆွတ်ခူး နိုင်ခဲ့ကာ ယခုနှစ်တွင်လည်း လာလီဂါဆုဖလား ရယူနိုင်ခဲ့ သည့်အပြင် ချန်ပီယံလိဂ်တွင် လည်း ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သောကြောင်း ဆုဖလားရ ယူနိုင်ရန် အခွင့်အရေးများရှိနေ သည်။







သူရိန်






အခြားဆက်စပ်သတင်းများ