နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝက်စ်ဟမ်းအသင်း နည်းပြသစ်အဖြစ် လိုပက်တီဂူကို ခန့်အပ်

မေ ၂၄

ဝက်စ်ဟမ်းအသင်းက ယခု နှစ် ဘောလုံးရာသီအကုန်တွင် နည်းပြ မိုယက်စ်နှင့် လမ်းခွဲခဲ့ပြီး နောက် နည်းပြသစ်အဖြစ် လို ပက်တီဂူကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ်ရှိ နည်းပြ မိုယက်စ်သည် ဝက်စ် ဟမ်းအသင်းကိုပြီးခဲ့သည့်၂၀၁၇ ခုနှစ်က စတင်တာဝန်ယူကိုင် တွယ်ခဲ့ပြီး အစောပိုင်းရာသီများ က အသင်းကို ရလဒ်ကောင်း များ ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့် ဘောလုံးရာသီကလည်းအသင်း ကို ပထမဆုံး ယူရိုပါကွန်းဖရန့် လိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ သည်။

သို့သော် ဝက်စ်ဟမ်းအသင်း သည် ယခုနှစ်ဘောလုံးရာသီ တွင် ရလဒ်ပိုင်းမတည်မငြိမ်ဖြစ် ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီး ဆုံးချိန်တွင် ရမှတ် ၅၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၉ နေရာတွင်သာ ရပ်တည်ခဲ့ပြီး ဥရောပဝင်ခွင့်နှင့်လွဲချော်ခဲ့သည့် အတွက် ဝက်စ်ဟမ်းအသင်းက နည်းပြမိုယက်စ်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၅ နှစ်အရွယ်ရှိ နည်းပြလိုပက်တီဂူသည် အတွေ့ အကြုံရှိ နည်းပြတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် လက ဝုဗ်လ်အသင်းနှင့် လမ်းခွဲ ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ် နေရာ ယခုအခါ ဝက်စ်ဟမ်း အသင်း နည်းပြသစ်အဖြစ် ခန့် အပ်ခြင်းခံခဲ့ရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ