မေ ၂၃
ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနှင့် လေဗာ ကူဆင် အသင်းတို့ ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားကြရာ အတ္တလန်တာအသင်းက လေဗာကူဆင်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။
စီးရီးအေကလပ် အတ္တလန်တာအသင်းက ယခုနှစ်ဘောလုံး ရာသီတွင် ပြိုင်ပွဲစုံရှုံးပွဲမရှိ မှတ်တမ်းနှင့်အတူ အကောင်းဆုံး ပုံစံပြသနေသည့် လေဗာကူဆင်အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူပြီး ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းတွင် အတ္တလန်တာအသင်းက ကွင်းလယ်ပိုင်းကို အသာစီးရယူပြီး လေဗာကူဆင်အသင်းကို ဖိအား ပေးနိုင်ခဲ့ကာပွဲ ကစားချိန် ၁၂ မိနစ်နှင့် ၂၆ မိနစ်တွင် လွတ်ခ်မန်းက ဦးဆောင်ဂိုးများ ကို သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် အပြန်အလှန် ထိုးဖောက်မှုများဖြင့် ပြိုင်ဆိုင် မှု ပြင်းထန်ခဲ့ပြီး လေဗာကူဆင်အသင်း ချေပဂိုးရရှိရေး ကြိုးပမ်း ခဲ့သော်လည်း အတ္တလန်တာအသင်း၏ ခံစစ်ကို ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ခြင်းကြောင့် ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ အတ္တလန်တာအသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို ၇၅ မိနစ်တွင် လွတ်ခ်မန်းက ထပ်မံ သွင်းယူပေးခဲ့ပြီး ဒဗ္ဗလင်မြေတွင် ဂိုးပြတ်နိုင်ပွဲနှင့်အတူ ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။
အတ္တလန်တာအသင်းသည် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဥရောပဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၆၁ နှစ်ကြာ ဆုဖလားနှင့် ဝေးကွာမှုကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။
သူရိန်