နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PFA Fan’s Player of the Year ဆု လူငယ်ကစားသမား ပယ်လ်မာ ဆွတ်ခူး

မေ ၂၃

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စိစစ်ရွေးချယ် ချီးမြှင့်ပေးအပ် သည့် ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီအတွက် PFA Fan’s Player of the Year ဆုကို ချဲလ်ဆီးအသင်း လူငယ်တိုက် စစ်ကစားသမား ပယ်လ်မာက ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ပယ်လ်မာသည် ပြီးခဲ့သည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလက မန်စီးတီး အသင်းက ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီမှာပင်ထိပ်တန်း အဆင့်ရှိ ခြေစွမ်းပြသနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၄ပွဲ ကစားရာတွင် ၂၂ ဂိုးထိ သွင်း ယူ၍ ၁၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီးနောက် PFA Fan’s Player of the Year ဆု အတွက် ဆန်ခါတင်ကစား သမား စာရင်းတွင် ပါဝင်ခဲ့သည့် ဟာလန်း၊ ဖိုဒန်၊ ရိုဒရီ၊ အိုဒီဂတ်၊ ဒီကလန်ရိုက်စ်၊ ဆလီဘာနှင့် ဝက်စ်ကင်းတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပယ်လ်မာသည် ချဲလ်ဆီး အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် PFA Fan’s Player of the Year ဆုအပြင် တစ်နှစ်တာလူငယ် အကောင်းဆုံး ကစားသမားဆု ဖြစ်သည့် PFA Young Player of the Year ဆုကိုလည်း ဆွတ်ခူး ထားကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ