နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေဗီလာအသင်း ခံစစ်ကစားသမား ဒီယေဂိုကားလို့စ်ကို ရောင်းချမည်

မေ ၂၂

အေဗီလာအသင်းသည် အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သော ကြောင့် စတာလင်ပေါင် သန်း ၅၀ ထိ ရရှိခဲ့သော်လည်းအသင်း အနေဖြင့် လာမည့် အပြောင်းအ ရွှေ့ကာလတွင် ပြင်ဆင်မှုများ ပြုလုပ်လိုသဖြင့် ခံစစ်ကစား သမား ဒီယေဂိုကားလို့စ်ကို ရောင်း ချသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

ဒီယေဂိုကားလို့စ်သည် အေ ဗီလာအသင်းနှင့်အတူ ခြေစွမ်း ပြကစားနိုင်သည့် ကစားသမား တစ်ဦးဖြစ်ပြီး တစ်ပတ်လုပ်ခ စတာလင်ပေါင်း ၁၀၀၀၀၀ ရရှိ နေသူဖြစ်ကာ အသင်းနှင့်စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသော် လည်း အသင်းအနေဖြင့် ပရီးမီး ယားလိဂ် ဝင်ငွေ၊ ထွက်ငွေ စည်း မျဉ်းနှင့် ကိုက်ညီစေရန်အတွက် ခံစစ်ကစားသမား ဒီယေဂိုကား လို့စ်ကို ရောင်းချရန် ဆုံးဖြတ်ခဲ့ ပြီး ကမ်းလှမ်းလာမည့် အသင်း များကို စောင့်ကြိုနေကြောင်း ထုတ်ပြန်ခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဒီယေဂိုကားလို့စ်သည် ၂၀၂၂ ခုနှစ်က ဆီဗီလာအသင်းမှစတာ လင်ပေါင် ၂၆ သန်းဖြင့် ပြောင်း ရွှေ့ခဲ့သူဖြစ်ပြီး ယခုနှစ်တွင် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပေးခဲ့ကာခြေစွမ်းပြ  သနိုင်ခဲ့သောကြောင့် အေစီမီ လန်အသင်းက ခေါ်ယူရန် ပစ် မှတ်ထားနေကာ စတာလင် ပေါင် ၁၃ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ