နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချလ်ဆီးအသင်းနည်းပြ ပိုချက်တီနို နှစ်ဦးသဘောတူ လမ်းခွဲကြောင်း ကြေညာ

မေ ၂၂

ချဲလ်ဆီးအသင်းသည် ယခု နှစ်ဘောလုံးရာသီတွင် ရလဒ်ဆိုး များဖြင့် ကြုံတွေ့ခဲ့ရပြီး ချန်ပီ ယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ပြီး နောက် အသင်းနည်းပြ ပိုချက် တီနိုနှင့် နှစ်ဦးသဘောတူလမ်းခွဲ ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

ချဲလ်ဆီးအသင်းသည် ယခု နှစ်ဘောလုံးရာသီတွင် ပြောင်း လဲမှုများစွာ ပြုလုပ်ခဲ့ပြီး အောင် မြင်မှုရရှိရန် ထိပ်တန်းကစား သမားများစွာ ခေါ်ယူခဲ့သော် လည်း အသင်းအနေဖြင့် ရလဒ် ဆိုးများနှင့်သာ ကြုံတွေ့ခဲ့ရ သောကြောင့် အသင်းတာဝန်ရှိ သူများက နည်းပြ ပိုချက်တီနိုကို  ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ် သည်။

အသက် ၅၂ နှစ်အရွယ်ရှိ နည်းပြ ပိုချက်တီနိုသည် ပြီးခဲ့ သည့် ၂၀၂၃ နွေရာသီကာလက ချဲလ်ဆီးအသင်းကို စတင်ကိုင် တွယ်ခဲ့သူဖြစ်ပြီး ရလဒ်မတည် ငြိမ်မှုများနှင့်အတူ ပရီးမီးယား လိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင်အသင်း အား အဆင့် ၆ နေရာသာ ရပ်တည် နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကာ လိဂ်ဖလား ဗိုလ်လုပွဲနှင့် အက်ဖ် အေဖလား ဆီမီးဖိုင်နယ်အဆင့် သာ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ပိုချက်တီနိုသည် ချဲလ်ဆီး အသင်းအား ပြိုင်ပွဲစုံ ၅၁ ပွဲကိုင် တွယ်ခဲ့ရာတွင် ၂၆ ပွဲနိုင်၊ ၁၁ ပွဲ သရေ၊ ၁၄ ပွဲရှုံးရလဒ်ကို ရရှိခဲ့ ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ