မေ ၁၅
အေစီမီလန်အသင်းသည် လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်ကို အား ခေါ်ယူနိုင်ရန် ကစားသမား ၏ အေးဂျင့်ဖြစ်သူ ဘာဆာနိုဗစ် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်စစ်မှူး ဆက်ကိုအား အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် အေစီမီလန်အသင်းက လက်ဦးမှု ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ် သည်။
နွေရာသီအပြောင်းအရွှေ့ ကာလမတိုင်မီ ကစားသမား၏ ကနဦး ပြောင်းရွှေ့ကြေးမှာ ယူရို ၅၆ သန်းသာရှိသော်လည်း အာဆင်နယ်အသင်းနှင့် ဆွေးနွေး မှုပြုလုပ်ခဲ့ပြီးနောက် စိတ်ဝင်စား သည့် ကလပ်အသင်း များပြား လာခဲ့ပြီး လက်ရှိတွင် ပြောင်းရွှေ့ ကြေးမှာ ယူရို ၇၃ သန်းထိ မြင့်တက်သွားခဲ့သည်။
အသက် ၂၀ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆက်ကိုသည် ယခုနှစ် ဘောလုံးရာသီ လိုက်ပ်ဇစ်အသင်း နှင့် ပြိုင်ပွဲစုံ ၃၀ တွင် သွင်းဂိုး ၁၃ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပြီးအမှတ်ပေး ပြိုင်ပွဲတွင် ၎င်း၏ ခြေစွမ်း များဖြင့် အသင်းအား ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေး နိုင်ခဲ့ကြောင်း သိရသည်။
သူရိန်