နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးကို အနိုင်ရပြီး မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အခြေအနေကောင်း

 မေ  ၁၅ 

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် စပါးအသင်းနှင့် မန်စီးတီးအသင်းတို့ ယနေ့နံနက်အစောပိုင်းက တော့တင်ဟမ် ဟော့စပါးကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မန်စီးတီးအသင်းက စပါးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ချန်ပီ ယံဆုဆွတ်ခူးရန် အခြေအနေကောင်းနေကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် စပါးအသင်းက အစဉ်အလာအတိုင်း အိမ်ကွင်းတွင် မန်စီးတီးကို ဒုက္ခပေးနိုင်ခဲ့သော်လည်း ဒုတိယ ပိုင်းတွင် ဟာလန်း၏ သွင်းဂိုးများကြောင့် အိမ်ကွင်းတွင် ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ မန်စီးတီးအသင်းက တော့တင်ဟမ်ကွင်းတွင် ကစားရသည့်အခါတိုင်း ရုန်းကန်ရလေ့ရှိသော်လည်း ယခုပွဲစဉ်တွင် ရရှိလာသည့် အခွင့်အရေးများကို အကောင်းဆုံးအသုံးချကာ မှတ်တမ်းဆိုးအားချေဖျက်ပြီး ချန်ပီယံဆုနှင့် အနီးစပ်ဆုံးအခြေ အနေကို ရောက်ရှိလာခဲ့သည်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၅၁ မိနစ်တွင် တိုက်စစ်မှူး ဟာလန်းက သွင်းယူပေးခဲ့ပြီး ၈၅ မိနစ်တွင် ဆွန်ဟောင်မင်က မန်စီးတီးအသင်း၏ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ ချေပဂိုးရရှိရန် အခွင့်အရေးကောင်းတစ်ခုရရှိခဲ့ သော်လည်း ဆွန်ဟောင်မင်၏ ကန်ချက်ကို ဂိုးသမား အော်တီဂါက အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။

ထို့နောက် မန်စီးတီးအတွက် အနိုင်သေချာစေမည့် သွင်းဂိုးကို ၉၁ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် ဟာလန်းကသွင်းယူပေးခဲ့ကာ အနိုင်သုံးမှတ်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ကစားပြီးချိန်တွင် မန်စီးတီးအသင်းသည် ရမှတ် ၈၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ အာဆင်နယ်အသင်းကို နှစ်မှတ် ဖြတ်ထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးရန် အခြေ အနေကောင်းနေသည်။                                                     






သူရိန်






အခြားဆက်စပ်သတင်းများ