နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂေဟစနစ်ကောင်းမွန်ရေး သစ်တော၊ သစ်ပင် ဝိုင်းဝန်းစောင့်ရှောက်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မိုးရာသီရောက် တိုင်း စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပသည်။ သစ်တောဦးစီး ဌာနသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူထုဖြန့် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ကံ့ကော်၊ စိန်ပန်းဝါ၊ ပင်လယ် ကဗွီး၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ သင်္ကန်းစသည့် ပျိုးပင် များ မြို့နယ်များရှိ ပျိုးထောင်စခန်းများတွင် ပျိုးထောင်ထားရှိသည်။

ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန က မိုးကြိုကာလ စိုက်ပျိုးခြင်းအဖြစ် မြို့ရှောင်လမ်း အထူးစိမ်းလန်း စိုပြည်ရေးဇုန်စီမံကိန်း စိုက်ခင်းအမှတ် (၄/၂၀၂၄) တွင် အထူစိမ်း၊ အပင်ကြီး ၁၀၀၀ ကို ရေလောင်းစိုက်ပျိုးထားသည်။ မိုးကြိုကာလ စိုက်ပျိုးထားခြင်းဖြင့် မိုးဦးမကျမီ အပင်များ ရှင်သန်ကြီးထွားစေရန် အတွက် နေ့စဉ်ရေလောင်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။

သစ်တော၊ သစ်ပင်များ မပြုန်းတီးစေရန် ဝိုင်းဝန်းထိန်းသိမ်း ခြင်း ပြန်လည်ဖြည့်စွက် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရာတွင် စိုက်ပျိုးထားသည့် အပင်များ ရှင်သန်အောင် ပြုစုပျိုးထောင်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ရေရှည်အကျိုး အတွက် မျှော်မှန်းဆောင်ရွက်ရခြင်း ဖြစ်သည်။ သားစဉ်မြေးဆက် အကျိုးခံစားရမည့်လုပ်ငန်းလည်း ဖြစ်သည်။

သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့စေ ရေးအတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးသည်။ နိုင်ငံလူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်တော သယံဇာတများကို ထုတ်ယူသုံးစွဲမှု၊ ပျက်စီးပြုန်းတီးမှုများ၊ ပိုမို များပြားလာသည်။ ယင်းအကျိုးဆက်အဖြစ် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး၍ ရေအရင်းအမြစ်များ လျော့နည်းပျောက်ဆုံးစေပြီး ရာသီဥတု ဖောက်ပြန်လာသည်။ စိုက်ပျိုးရေသာမက သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့ရပြီး၊ ပြည်သူလူထု လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

သစ်တောဦးစီးဌာနသည် ရာသီဥတုဖောက်ပြန်မှု တားဆီး ကာကွယ်နိုင်ရေး၊ ဂေဟစနစ် ထိခိုက်ပျက်စီးမှုကို တားဆီးကာကွယ် နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေကာ လူသား များနှင့် အခြားတိရစ္ဆာန်များကို အကျိုးပြုနိုင်စေရန် သစ်တော၊ သစ်ပင်များကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ ယင်းအပြင် ဘေးမဲ့တောများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ကြရန်နှင့် လူတစ်ဦး သစ်တစ်ပင် စိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်ကို ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် စေချင်ကြောင်း။       






အခြားဆက်စပ်သတင်းများ