နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်မတီဝင်ဒေါက်တာငွေစန်း စည်ပင်သာယာဈေးများ တည်ဆောက်ရေး သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကော်မတီဝင် ဒေါက်တာငွေစန်း သည် ဈေးများနှင့်ကုန်စည်ပွဲရုံ များဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးသန်း ထိုက်နှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက  ဈေးများ ရောင်းဝယ်ဖောက်ကား မှုနှင့် တည်ဆောက်ရေးလုပ်ငန်း များ၊ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ကော်မတီဝင် နှင့်အဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်၊ (၂) ရပ်ကွက်၊ ဇီဇဝါ လမ်းနှင့် ယုဇန (၃) လမ်း ထောင့် ရှိ အမှတ် (၂) ဈေးအတွင်း ပျံကျတန်းဈေးရုံ တည်ဆောက် မည့်နေရာ၊ ယာယီဆိုင်ခန်း ဆောက်လုပ်မည့်နေရာတို့ကို လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၅၇) ရပ်ကွက်၊ ပုဂံလမ်းနှင့်အောင်ဇမ္ဗူ လမ်းထောင့်ရှိ ဒဂုံသီရိဈေး အတွင်း အသစ်ပြန်လည်တည် ဆောက်မည့် ဈေးရုံများအခြေ အနေ၊ ယာယီဆိုင်ခန်းများ နေရာချထားမည့်နေရာများ နှင့် ဈေးအတွင်းရောင်းဝယ် ဖောက်ကားနေမှုတို့ကို လည်း ကောင်း၊ (၂၀) ရပ်ကွက်၊ မြိတ်လမ်းနှင့် ဇီဝကလမ်းထောင့် ရှိ အမှတ် (၂) ဈေးအတွင်း တည်ဆောက်ပြုပြင် လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေ အနေများကို လည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၀) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် သခင် ဗဟိန်းလမ်းထောင့်ရှိ ဒဂုံ ရွှေပြည်ဈေးအတွင်း ရောင်းဝယ် ဖောက်ကားနေမှုနှင့် ဈေးရုံ တည်ဆောက်နေမှုတို့ကို လည်း ကောင်း၊ တောင်ဥက္ကလာပ မြို့နယ်၊ (၄) ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ နန္ဒဝန်ဈေး အတွင်း ရောင်းဝယ်ဖောက်ကား နေမှုနှင့် ဈေးရုံငါးရုံအဆင့်မြှင့် တင်တည်ဆောက်ရန်အတွက် ယာယီဆိုင်ခန်းများ နေရာချ ထားမည့် အခြေအနေတို့ကို လည်းကောင်း၊ (၁၄) ရပ်ကွက်၊ 

စံပယ်လမ်းရှိ ပဒေသာဈေး အတွင်း ဈေးရောင်းဝယ် ဖောက်ကားနေမှု၊ ဆိုင်ခန်းများ၊ ခြံစည်းရိုးနှင့် ဈေးခေါင်မိုးများ အခြေအနေတို့ကိုလည်းကောင်း၊ ပုဇွန်တောင်မြို့နယ်၊ (၅) ရပ်ကွက်၊ အထက်ပုဇွန် တောင်လမ်းရှိ ပုဇွန်တောင်ဈေး အခြေအနေတို့ကိုလည်းကောင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး  ပြုပြင်ထိန်းသိမ်းရေးနှင့် တည် ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ဈေးရောင်းချ သူများ ယာယီရွှေ့ပြောင်း ချထားရာတွင် အဆင်ပြေစေ ရေး၊ ဈေးရုံများနှင့် ဝန်းကျင် သန့်ရှင်း သာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။                         







ယဉ်မွန်






အခြားဆက်စပ်သတင်းများ