နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေစီမီလန်ကစားသမား သီယိုဟာနန်ဒက်စ်ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် သဘောတူညီမှုရ

မေ  ၁၄

ရီးရဲလ်မက်ဒရစ်အသင်းက ကာလရှည် စိတ်ဝင်စားနေသည့် အေစီမီလန်အသင်း ခံစစ်ကစား သမား သီယိုဟာနန်ဒက်စ်ကို ဘိုင်ယန်မြူးနစ်အသင်းက လာမည့် နွေရာသီ အပြောင်း အရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ သီယိုဟာနန်ဒက်စ်သည် အေစီ မီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၅ ပွဲတွင် သွင်းဂိုး ငါးဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိ ပြုလုပ် ၍ ခြေစွမ်းပြကစားနေသော ကြောင့် ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန် စိတ်ဝင်စား ခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းက အေစီမီလန်အသင်း နှင့် ပြောင်းရွှေ့ကြေး သဘော တူညီမှုရရှိခဲ့ပြီး လက်ဦးမှု ရယူ နိုင်ခဲ့သည်။

သီယိုဟာနန်ဒက်စ်သည် အေစီမီလန်အသင်းမှ ထွက်ခွာ ရန် ပြင်ဆင်နေသောကြောင့် အသင်းတာဝန်ရှိသူများက ၎င်းကို ရောင်းချရန်ဆုံးဖြတ်ခဲ့ ပြီး  ခံစစ်ပိုင်းကို ပြုပြင်ပြောင်း လဲမှု ပြုလုပ်ရန် စီစဉ်ခဲ့ကာ ဘိုင်ယန်မြူးနစ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံ၍ ပုဂ္ဂိုလ် ရေး သဘောတူညီမှုရယူခဲ့ ကြောင်း သိရသည်။ 







သူရိန်






အခြားဆက်စပ်သတင်းများ