နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၃ နှစ်အကြာတွင် စိန့်ပေါ်လီအသင်း ဘွန်ဒက်လီဂါသို့ တန်းတက်ခွင့်ပြန်လည်ရရှိ

မေ  ၁၄

ဂျာမန်ဘွန်ဒက်လီဂါ-၂ မှ စိန့်ပေါ်လီအသင်းသည် ပြီးခဲ့ သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့သည့် အိုစနာဘတ် အသင်းနှင့်ပွဲစဉ်တွင် သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ကြောင့် နှစ်ပေါင်း ၁၃ နှစ် အကြာတွင် ဘွန်ဒက်လီဂါသို့ တိုက်ရိုက်တန်းတက်ခွင့် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် စိန့်ပေါ်လီ အသင်းသည် အိမ်ကွင်း အားသာ ချက်ဖြင့် အိုစနာဘတ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ရာ ပွဲကစား ချိန် ၇ မိနစ်၊ ၅၈ မိနစ်နှင့် ၆၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများ ရရှိခဲ့ပြီး နာကျင်အချိန်ပိုတွင် အိုစနာဘတ်အသင်းကို ချေပဂိုး တစ်ဂိုး ခွင့်ပြုခဲ့ရသော်လည်း သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၆၆ မှတ်ရရှိကာ အဆင့် ၃ မှ ဒူဆယ်ဒေါ့အသင်းကို ရမှတ် ခြောက်မှတ် ဖြတ်တောက်နိုင်ခဲ့ သောကြောင့် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလိုတွင် ဘွန်ဒက်လီဂါ သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ 

စိန့်ပေါ်လီအသင်းသည် ၂၀၁၁ ခုနှစ်က ဘွန်ဒက်လီဂါပြိုင်ပွဲမှ တန်းဆင်းခဲ့ရပြီးနောက် ယခုနှစ် ဘောလုံးရာသီတွင် အကောင်း ဆုံးပြင်ဆင်နိုင်ခဲ့သဖြင့် ၃၃ ပွဲ ကစားအပြီးတွင် ၁၉ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၅ ပွဲရှုံးဖြင့် အဆင့် ၁ နေရာတွင် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဟိုစတိန်းအသင်း မှ ဟိုစတိန်းအသင်းနှင့် ရမှတ် တစ်မှတ်သာ ကွာဟနေသဖြင့် နောက်ဆုံးပွဲစဉ်၌ ဘွန်ဒက်လီဂါ - ၂ ချန်ပီယံဆုအတွက် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ