နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ဂိုးသမား နာဗက်စ် ကြေညာ

မေ  ၁၃

ပီအက်စ်ဂျီအသင်းတွင် ပွဲကစားခွင့် ပျောက်ဆုံးနေသည့် ဂိုးသမား နာဗက်စ်က ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ် ကြောင်း တရားဝင်ကြေညာခဲ့ သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဂိုးသမား နာဗက်စ်သည် ပီအက် စ်ဂျီအသင်းနှင့် လာမည့် ဇွန်လ ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အသင်း အနေဖြင့် သက်တမ်းတိုးရန် အစီအစဉ်မရှိသောကြောင့် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ 

ဂိုးသမား နာဗက်စ်သည် ၂၀၂၁ ခုနှစ်က အသင်းသို့ ဂိုးသမား ဒွန်နာရမ်မာ ရောက်ရှိ လာပြီးနောက်ပိုင်း ဘောလုံးရာသီ သုံးရာသီဆက်တိုက် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ကာ ဒုတိယဦးစား ပေးအဖြစ် ကစားခဲ့ရပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီက နော်တင်ဟမ်အသင်းသို့ အငှား စာချုပ်ဖြင့် သွားရောက်ကစား ခဲ့ရသည့်အပြင် ယခုနှစ်အသင်း နှင့် ပြန်လည်ပူးပေါင်းချိန်တွင် လည်း ကိုပါဒီဖလား အပါအဝင် ပြိုင်ပွဲစုံ ငါးပွဲသာ ပွဲထွက်ခွင့်ရရှိ ခဲ့သည်။

နာဗက်စ်သည် ၂၀၁၉ ခုနှစ် က ရီးရဲလ်မက်ဒရစ်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၁၃ ပွဲ ပါဝင်ကစားခဲ့ ရာ လီဂူးဖလား၊ ပြင်သစ် စူပါဖလား၊ ကိုပါဒီဖလားတို့ ဆွတ်ခူးရရှိခဲ့သည်။ 







သူရိန်






အခြားဆက်စပ်သတင်းများ