နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကို အနိုင်ရပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယား ဆက်လက်ဦးဆောင်

မေ  ၁၃

ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ အဖြစ် မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့ ယမန် နေ့ ညပိုင်းက အိုးထရက်ဖို့ဒ် ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အာဆင်နယ်အသင်းက မန်ယူ အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ကို ဆက်လက်ဦးဆောင်နိုင်ခဲ့ ကြောင်း သိရသည်။ 

ပထမပိုင်းတွင် မန်ယူအသင်း က ဒဏ်ရာရကစားသမား များပြားမှုကြောင့် လူမစုံသော် လည်း အာဆင်နယ်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစား နိုင်ခဲ့သည်။ အာဆင်နယ်အသင်း ကစားသမား အများစုက အိုးထ ရက်ဖို့ဒ်ကွင်းတွင် ပုံမှန်ခြေစွမ်း အောက် ရောက်ရှိခဲ့ပြီး ဖိအားများ နေမှုနှင့်အတူ ကစားကွက်တည် ရန် ခက်ခဲနေခဲ့သည်။

သို့သော် ပွဲကစားချိန် ၂၀ မိနစ်တွင် ကက်စ်မဲရိုး၏ အမှားကတစ်ဆင့် တောင်ပံ ကစားသမား ထရော့ဒ်ဆက်က အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ကာ ဧည့်သည်အသင်း ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်း စလုံး အခွင့်အရေးကိုယ်စီ ရရှိခဲ့ သော်လည်း အသုံးချနိုင်ခြင်း မရှိသကဲ့သို့ မန်ယူအသင်း ဂိုးသမား အိုနာနာ လက်စွမ်းပြ နေခြင်းကြောင့် ထပ်မံဂိုးသွင်း ယူနိုင်ခြင်းမရှိဘဲ ပထမပိုင်း ရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့သည်။

အဆိုပါရလဒ်ကြောင့် အာ ဆင်နယ်အသင်းသည် ရမှတ် ၈၆ မှတ်ဖြင့် အမှတ်ပေးဇယား ကို ဆက်လက်ဦးဆောင်ထားပြီး ဒုတိယနေရာမှ မန်စီးတီးထက် တစ်ပွဲ ပိုကစားထားကာ တစ်မှတ်သာ ကွာဟလျက်ရှိသည်။







သူရိန်






အခြားဆက်စပ်သတင်းများ