နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်စက်ရုံဝင်းအတွင်းရှိ အဆောက်အအုံတစ်လုံး မီးလောင်

ဇူလိုင် ၃ တီဟီရန်


အီရန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်စက်ရုံဝင်းအတွင်းရှိ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီး ခဲ့သော်လည်း သေဆုံးသူမရှိခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းက တီဟီရန်မြို့တောင်ပိုင်း အစ်ဖာဟန်ပြည်နယ်ရှိ နျူကလီးယားစွမ်းအင်စက်ရုံဝင်းအတွင်းမှ အဆောက်အအုံတစ်လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။ အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်း(IAEO)က ဝေမျှထားသည့်ဓာတ်ပုံအရ အဆောက်အအုံခေါင်မိုး မီးလောင်ကျွမ်းခဲ့ပြီး တံခါးများ ကျိုးပဲ့ပျက်စီးကာ ပြတင်းပေါက်တွေ ကွဲထွက်နေကြောင်း တွေ့ရသည်။


ယခုမီးလောင်ခဲ့သည့် အဆောက်အအုံမှာ ဆောက်လက်စ အဆောက်အအုံဖြစ်ပြီး မီးလောင်မှုကြောင့် နျူကလီးယားစွမ်းအင်စက်ရုံဝင်းအတွင်းရှိ ပင်မဧရိယာကို မထိခိုက်ခဲ့ကြောင်း နာတန့်ဇ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဖာဒေါ်စီက ပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ရေဒီယိုသတ္တိကြွမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်မရှိဟု ယင်းက ဆိုသည်။                                                                                                                                   


(KNT)






အခြားဆက်စပ်သတင်းများ