နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် မြောက်ကိုရီးယားနိုင်ငံ အောင်မြင်မှုရခဲ့ဟု ကင်ဂျုံအန် ပြော

ဇူလိုင် ၃  ပြုံယမ်း


မြောက်ကိုရီးယားနိုင်ငံမှာ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တောက်ပသည့်အောင်မြင်မှု ရရှိခဲ့သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ချီးကျူးခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံမှာ အထိနာစေသည့် ကိုရိုနာဗိုင်းရပ်စ် ဝင်မလာနိုင်အောင် တားဆီးကာကွယ်နိုင်ခဲ့ပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြောင်း ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ကင်ဂျုံအန်က ပြောသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ခြင်းကြောင့် လွန်ခဲ့သည့်ခြောက်လမှစတင်၍ မြောက်ကိုရီးယားနိုင်ငံက နယ်စပ်များကို ပိတ်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သီးသန့်ခွဲခြားထားခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမရှိဟု အစိုးရက ဆိုခဲ့သော်လည်း အဆိုပါပြောကြားချက်မှာ ဖြစ်နိုင်ဖွယ်မရှိဟု သုတေသီများက ပြောသည်။ ကင်ဂျုံအန်သည် ခြောက်လကြာမြင့်နေသည့် ကူးစက်ရောဂါ တားဆီးကာကွယ်ရေး အမျိုးသားအရေးပေါ်အခြေအနေ လုပ်ငန်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခဲ့သည်ဟု ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အောင်မြင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရှိနေဆဲဖြစ်၍ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး ရှေ့တန်းစစ်မျက်နှာပြင်ကို ဖြေလျှော့မှုမလုပ်ဘဲ အမြင့်ဆုံးအဆင့်အထိ အသင့်ပြင်ဆင်ထားရန် လိုအပ်ဆဲဟု ကင်ဂျုံအန်က ပြောခဲ့သည်။     


(KNT)






အခြားဆက်စပ်သတင်းများ