နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်နွေရာသီတွင် အေဂျက်အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ဟန်ဒါဆန် ပြော

မေ  ၁၂

ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ဆော်ဒီ ပရိုလိဂ် အယ်အီသီဖတ်အသင်းမှ အေဂျက်အသင်းသို့ ပြောင်းရွှေ့ ခဲ့သည့် ကွင်းလယ်ကစားသမား ဟန်ဒါဆန်က လာမည့် နွေရာသီ တွင် အသင်းမှ ထွက်ခွာတော့ မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန်သည် ၂၀၂၃ ခုနှစ် နွေရာသီအပြောင်းအရွှေ့က လီဗာပူးအသင်းမှ ဆော်ဒီပရိုလိဂ် သို့ အလွတ်ပြောင်းရွှေ့ခဲ့ပြီးနောက် ရာသီဝက် ကစားပြီးဆုံးချိန်တွင် အယ်အီသီဖတ်အသင်း၌ ပျော်ရွှင်မှု မရှိတော့သဖြင့် အသင်းနှင့်နှစ်ဖက် သဘောတူစာချုပ် ဖျက်သိမ်း၍ အေဂျက်အသင်းသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

အေဂျက်အသင်းတွင် ဟန်ဒါ ဆန်သည် ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးခဲ့ကာ ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရသဖြင့် ပြိုင်ပွဲစုံ ၁၀ ပွဲတွင် ဂိုးဖန်တီးမှု သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အသင်းအနေဖြင့်လည်း ဘဏ္ဍာ ရေးအခက်အခဲများနှင့် ကြုံတွေ့ နေရသည့်အပြင် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော် ခဲ့သောကြောင့် ကစားသမား အနေဖြင့် ဘောလုံးရာသီကုန်ဆုံး ချိန်၌ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်၍ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိသည်။                             







သူရိန်






အခြားဆက်စပ်သတင်းများ