နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
2024 Globe Soccer Awards အတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

မေ  ၁၂

ဒူဘိုင်းအားကစားကောင်စီ က ချီးမြှင့်ပေးအပ်သည့် Globe Soccer Awards ဆုပေးပွဲ အခမ်းအနားတွင် ပေးအပ်ချီး မြှင့်မည့် 2024 Globe Soccer Awards အတွက် ဆန်ခါတင် စာရင်းကို ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။

Globe Soccer Award ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့် မည့် Man's Player ဆုအတွက် ဆန်ခါတင်စာရင်းတွင် အင်တာ မီလန်အသင်းက ဘတ်စတိုနီ၊ ကယ်ဟာနိုဂလူ၊ မာတီနက်ဇ်၊ မန်စီးတီးအသင်းက ဖိုဒန်၊ ဆေး ဗားလ်၊ ရိုဒရီ၊ ဟာလန်း၊ ရီးရဲလ် မက်ဒရစ်အသင်းက ဘယ်လင်ဂမ်၊ ဗင်နီစီးယက်စ်၊ အေတီကိုအသင်း က ဂရစ်ဇ်မန်း၊ လေဗာကူဆင် အသင်းက ဂါမယ်ဒို၊ စတုဂတ် အသင်းက ဂီရက်စီ၊ ဒေါ့မွန်အသင်း က ဟမ်းမဲလ်၊ ဘိုင်ယန်မြူးနစ် အသင်းက ဟယ်ရီကိန်း၊ ကင်မစ်ချ်၊ ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီ၊ ချဲလ်ဆီးအသင်းက ပယ်လ်မာ၊ အာဆင်နယ်အသင်း က ဆာကာနှင့် လီဗာပူးအသင်း က ဆာလာတို့ ပါဝင်သည်။

အလားတူ Emerging Player ဆုအတွက် ဆန်ခါတင် စာရင်းတွင် ရီးရဲလ်မက်ဒရစ် အသင်းက ဘယ်လင်ဂမ်၊ ကာမာ ဗင်ဂါ၊ ဘာစီလိုနာအသင်းက လိုပက်ဇ်၊ ကူဘာစီ၊ ယာမယ်၊ ဘရိုက်တန်အသင်းက အီဗန်ဖာ ဂူဆန်၊ မန်စီးတီးအသင်းက လီဝစ်၊ မန်ယူအသင်းက ကိုဘီမိုင်နူး၊ ဘိုင်ယန်မြူးနစ်အသင်းက မူစီ အာလာ၊ မက်သီတဲလ်၊ ဘင်ဖီ ကာအသင်းက နာဗက်၊ ချဲလ်ဆီး အသင်းက ပယ်လ်မာ၊ လိုက်ပ်ဇစ် အသင်းက ဆိုင်မွန်၊ လေဗာကူ ဆင်အသင်းက ဖလိုရီယန်ဝစ်ဇ်၊ ပီအက်စ်ဂျီအသင်းက ဇိုင်ရီအမ် မရီတို့ ပါဝင်ခဲ့ကြသည်။                       








သူရိန်






အခြားဆက်စပ်သတင်းများ