နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ်တွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်

ဇူလိုင် ၃  ဝါရှင်တန်


တက္ကဆက်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းကြောင့် လူမြင်ကွင်းကို ထွက်သည့်အခါ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့သည်။ အဆိုပါညွှန်ကြားချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ နှင့်အထက်ရှိသည့် စီရင်စုအားလုံး အကျုံးဝင်မည်ဖြစ်ပြီး တက္ကဆက်ပြည်နယ်၏ စီရင်စု ၂၅၄ ခုအနက် အများစုအပေါ် သက်ရောက်မှုရှိစေမည်ဟု ဆိုသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တက္ကဆက်ပြည်နယ်တွင် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။


ဇူလိုင်လ ၄ ရက်က အမေရိကန်နိုင်ငံတွင် လွတ်လပ်ရေးအထိမ်းအမှတ် ကျင်းပမည်ဖြစ်ရာ ကမ်းခြေများကို ပိတ်သိမ်းခြင်း၊ မီးရှူးမီးပန်းပစ်ဖောက်မည့် အစီအစဉ်များကို ဖျက်သိမ်းခြင်းများ လုပ်ခဲ့သည်။ အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂.၇ သန်းရှိနေပြီး လူ ၁၂၈၀၀၀ ကျော် သေဆုံးခဲ့သည်။ တက္ကဆက်ပြည်နယ်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်အရ နှာခေါင်းစည်း မတပ်သူများကို ပထမအကြိမ်တွင် သတိပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံပျက်ကွက်ခဲ့ပါက အမေရိကန်ဒေါ်လာ ၂၅၀ ဒဏ်ရိုက်မည်ဖြစ်သည်။                                                                                                             


(KNT)






အခြားဆက်စပ်သတင်းများ