နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးဥပဒေသစ်ကြောင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတစ်ဦး ဟောင်ကောင်မြို့ကို စွန့်ခွာ

ဇူလိုင် ၃ ဟောင်ကောင်


တရုတ်နိုင်ငံက အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက် ဟောင်ကောင်မြို့၏ အထင်ရှားဆုံး ဒီမိုကရေစီလှုပ်ရှားသူတစ်ဦးဖြစ်သည့် နာသန်လောမှာ ဟောင်ကောင်မြို့ကို စွန့်ခွာထွက်ပြေးခဲ့သည်။ တစ်ချိန်က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် နာသန်လောမှာ ၂၀၁၄ ခုနှစ်က ထီးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံရဖူးသည်။ သို့သော် ယင်းအနေဖြင့် ပြည်ပမှတစ်ဆင့် လှုပ်ရှားမှုများ ဆက်လုပ်သွားမည်ဟု ယင်းက ဆိုသည်။ 


တရုတ်နိုင်ငံက ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက် ၂ ရက်အကြာ၌ နာသန်လောက ဟောင်ကောင်မြို့ကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးဥပဒေသစ်မှာ ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို တိုက်စားနေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ အဆိုပါဥပဒေသစ်အရ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို ထိခိုက်အောင်လုပ်မိပါက(၂၀၁၉ ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် အဆိုပါလုပ်ရပ်များ လုပ်ခဲ့)အကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်သည်။ တရုတ်နိုင်ငံက လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းလိုက်ခြင်းမှာ သွေးချောင်းစီးရမည့် ယဉ်ကျေးမှုတော်လှန်ရေးအစပျိုးချိန်ဖြစ်သည်ဟု နာသန်လောက မှတ်ချက်ပေးခဲ့သည်။                                                                                 


 (KNT)






အခြားဆက်စပ်သတင်းများ