နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ် ဂိုးသမား ဆက်စ်ဇနီကို ပြန်လည်ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်း

မေ  ၁၁

အာဆင်နယ်အသင်းသည် အသင်းမှထွက်ခွာမည့် ဂိုးသမား ရမ်ဒေးလ်၏နေရာတွင် ဂျူဗင် တပ်တွင်ကစားနေသည့် အသင်း ဂိုးသမားဟောင်း ဆက်စ်ဇနီကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း သိရသည်။

ဂိုးသမား ရမ်ဒေးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် ဘရန့်ဖို့ဒ်အသင်းမှ ဂိုးသမား ရာယာ ရောက်ရှိခဲ့ပြီးနောက် လက်စွမ်းပိုင်း ကျဆင်းခဲ့ကာ ပထမဦးစားပေးနေရာကို လက်လွှတ်ခဲ့ရသဖြင့် လာမည့် နွေရာသီတွင် အသင်းပြောင်း ရွှေ့ရန် ကြိုးပမ်းနေသဖြင့် နည်းပြ အာတီတာက ၎င်း၏ နေရာတွင် ဂျူဗင်တပ်အသင်း ဂိုးသမား ဆက်စ်ဇနီကိုပြန်လည် ခေါ်ယူရန်ကြိုးပမ်းနေခြင်း ဖြစ် သည်။ 

အသက် ၃၄ နှစ်အရွယ်ရှိ ဂိုးသမား ဆက်စ်ဇနီသည် အာဆင်နယ်အသင်း အကယ် ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး အသင်းအတွက် ၁၈၁ ပွဲ ကစားပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆက်စ်ဇနီသည် ဂျူဗင်တပ် အသင်းတွင် တစ်ပတ်လုပ်ခ စတာလင်ပေါင် ၁၀၀၀၀၀ ရရှိ နေပြီး ၂၀၂၅ ခုနှစ်တွင် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ် သော်လည်း ဂျူဗင်တပ်အသင်း က သက်တမ်းတိုးရန် အစီအစဉ် မရှိသောကြောင့် အာဆင်နယ် အသင်းက ပြန်လည်ခေါ်ယူလို နေခြင်းဖြစ်ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ