နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စတာလင်ကို အိုလီဆီနှင့် အလဲအထပ် ပြုလုပ်ရန်ချဲလ်ဆီးအသင်း စီစဉ်

မေ  ၁၀

ချဲလ်ဆီးအသင်းသည် အသင်းမှ တိုက်စစ်မှူး စတာ လင်ကို လာမည့် နွေရာသီတွင် ရောင်းချရန် စီစဉ်ခဲ့သော်လည်း ကစားသမားအနေဖြင့် ဆော်ဒီ ပရိုလိဂ်သို့ ပြောင်းရွှေ့ရန်ဆန္ဒ မရှိသဖြင့် မြို့ခံပြိုင်ဘက် ပဲလေ့စ် အသင်းမှ အိုလီဆီနှင့် အလဲ အထပ်ပြုလုပ်ရန် စီစဉ်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် စတာလင် သည် အသင်းနှင့် စာချုပ်သက် တမ်း သုံးနှစ် ကျန်ရှိနေကာ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၂၅၀၀၀ ထိ ပေးချေနေရ သော်လည်း ကစားသမားအနေ ဖြင့် ခြေစွမ်းပြသရန် ရုန်းကန် နေရသောကြောင့် လုပ်ခလစာ မြင့်မားသည့် စတာလင်ကို ချဲလ်ဆီးအသင်းက  ရောင်းချရန် ကြိုးပမ်းခဲ့ရာ ၎င်းက လန်ဒန် မြို့မှ ထွက်ခွာလိုသည့် ဆန္ဒမရှိ သောကြောင့် မြို့ခံပြိုင်ဘက် ဖြစ်သည့် ပဲလေ့စ်အသင်းမှ အိုလီဆီနှင့် အလဲအထပ်ပြုလုပ် ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည် လာမည့် ရက်သတ္တပတ်အတွင်း ပဲလေ့စ်အသင်းနှင့် ဆွေးနွေး သွားမည်ဖြစ်ပြီး အသင်းအနေ ဖြင့် ပဲလေ့စ်အသင်းမှ အိုလီဆီ ကို ခေါ်ယူရန်အတွက် တောင်ပံ ကစားသမား စတာလင်အပြင် ပေါင်သန်း ၅၀ ကိုပါ ပေးချေ သွားမည်ဖြစ်ကြောင်း သိရသည်။ 







သူရိန်






အခြားဆက်စပ်သတင်းများ