နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

မေ  ၁၀

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ဆုများအတွက် ဆန်ခါတင် စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမား စာရင်းတွင် မန်စီး တီးအသင်းမှ ဖိုဒန်၊ ဟာလန်း၊ နယူးကာဆယ်အသင်းမှ အစ်ဆက်ခ်၊ အာဆင်နယ်အသင်း မှ အိုဒီဂတ်၊ ဒီကလန်ရိုက်စ်၊ ချဲလ်ဆီးအသင်းမှ ပယ်လ်မာ၊ လီဗာပူးလ်အသင်းမှ ဗန်ဒိုက်နှင့် အက်စတွန်ဗီလာအသင်းမှ ဝက်စ်ကင်းတို့ ပါဝင်လာခဲ့ သည်။

အလားတူ ပရီးမီးယားလိဂ် ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး  လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်စီး တီးအသင်းမှ ဖိုဒန်၊ ဟာလန်း၊ နယူးကာဆယ်အသင်းမှ အစ်ဆက်ခ်၊ ချဲလ်ဆီးအသင်းမှ ပယ်လ်မာ၊ အာဆင်နယ်အသင်း မှ ဆာကာ၊ ဆလီဘာ၊ မန်ယူ အသင်းမှ ကိုဘီမိုင်နူးနှင့် စပါး အသင်းမှ အူဒိုဂီတို့ ပါဝင်လာခဲ့ သည်။

ထို့ပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး  လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် အာဆင် နယ်အသင်း နည်းပြ အာတီတာ၊ အေဗီလာအသင်း နည်းပြ အမ်မ ရီ၊ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာ၊ ဘုန်းမောက်အသင်း နည်းပြ အီရာလိုအာနှင့် လီဗာပူး အသင်း နည်းပြ ကလော့ပ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ