နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာရေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်း ပတ်သည် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိဖြစ်ရာ သာသမီးတို့ ပညာ သင်နှစ်အစအတွက် မိဘများကပြင်ဆင်ဆောင်ရွက်လျက်ရှိကြ သည်။ ကလေးတစ်ဦးကျောင်းသို့ဝင်ရောက်လာခြင်းသည် အနာဂတ် နိုင်ငံတော်အတွက် မျိုးဆက်သစ်များအား ပြုစုပျိုးထောင်လေ့ကျင့်မှု စတင်ခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့၏သင်ခန်းစာ များကို သင်ယူလေ့လာနိုင်ရေးအတွက် ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးမှာ အထူးအရေးပါသည်။ မိမိတို့၏ ရင်သွေးငယ်များ မပျက်မကွက် ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများကို ကောင်းစွာ အသုံးချကာ သားသမီးများ၏အနာဂတ်ဘဝခရီးဖြောင့်တန်းစေရန် အမိအဖတို့က အလေးထားဆောင်ရွက်ပေးရန်လိုအပ်သည့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာစေရန် နိုင်ငံသူနိုင်ငံသားတို့၏ ပညာရည်အဆင့်မြင့်မားဖို့လိုသည်။

 သို့ဖြစ်ရာ အခြေခံပညာကျောင်းမှာ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းသန့်ရှင်းသာယာလှပရေးတို့အတွက် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍မြို့နယ်အတွင်းရှိ ကျောင်းများ၊ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက် များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အမှိုက်သဲ၊ ခဲ၊ များလှည်းကျင်းရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေ အမှိုက်များ သိမ်းဆည်းရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်း ဆည်းခြင်း၊ ထွက်ရှိအမှိုက်နှင့်မြောင်းချေးများကို ယာဉ်များဖြင့် သယ်ယူသိမ်းဆည်းစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခပ် ခြင်းတို့ကို ဆောင်ရွက််လျက်ရှိသည်။

 ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုသည် ကျောင်းသား၊ လူငယ် များ၏ ကျန်းမာရေးကိုအထောက်အကူပြုခြင်းကြောင့်လည်း ကျန်း မာရွှင်လန်းသော ကျောင်းသား၊ ကျောင်းသူများက ပညာသင်ယူရေး ကို စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစွာ လုပ်ဆောင်နိုင်ကြမည် ဖြစ်ရာ ကျောင်းအားလုံးတက်ကြွစွာပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။    






အခြားဆက်စပ်သတင်းများ