နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များထောက်ပံ့လှူဒါန်း

ရန်ကုန် ဧပြီ ၇ ယနေ့အချိန်တွင် Coronavirus (2019) (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင် ရောဂါ ကူးစက်ပျံ့နှံ့နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်များ၏ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဧပြီ ၇ ရက်၊ နံနက်ပိုင်းတွင် တာမွေလေးရပ်ကွက်မှ အလှူရှင် ဦးခင်မောင် ထွေးမိသားစုက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်အိတ်ပေါင်း ၅၀ ကို မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းပေးခဲ့စဉ်။ နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ