နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်  မေ  ၈

၂ဝ၂၄ ခုနှစ် ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလား (၁၄) ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုး သမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့် ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင်ကျင်းပ သည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး၊အားကစားနှင့်ကာယ ပညာကော်မတီနာယက၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကို ဇူလိုင်၁၇ရက်မှ၂၄ရက် အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်၍၊ ယခုပြိုင်ပွဲမှ ထူးချွှန်သူများကိုရွေးချယ်၍ စေလွှတ် ယှဉ်ပြိုင်စေမည် ဖြစ်ရာ၊ ကစားသမားများအနေ ဖြင့် ပြိုင်ပွဲကချမှတ်ထား သောစည်းမျဉ်း/စည်းကမ်း များကိုလိုက်နာကြပြီးတိုင်း ဒေသကြီးဂုဏ်ကို မြှင့်တင်နိုင် ရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ သန့်သန့်ရှင်းရှင်း ကြိုးစားယှဉ်ပြိုင်ကြ ရင်းနောင် တစ်ချိန်တွင် နိုင်ငံ့ဂုဏ်ကိုမြှင့် တင်နိုင်သည့်ထူးချွန် အားကစား သမားများဖြစ်လာ သည်အထိ ကြိုးစားဆောင်ရွက်ကြရန် အလေးအနက်ထားတိုက်တွန်း မှာကြားရင်းပြိုင်ပွဲကိုဖွင့်လှစ် ပေးကြောင်း ကြေညာသည်။

ထို့နောက် ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန် ကြီးများက ပြိုင်ပွဲဝင်အားကစား သမားများအား လိုက်လံနှုတ် ဆက်ပြီး အားကစားပစ္စည်း  များ လက်ဆောင်ပေးအပ်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲပထမ ဆုံးပွဲစဉ်တွင် ဒဂုံမြို့သစ်ခရိုင် အသင်းနှင့်ကမာရွတ်ခရိုင်အသင်း တို့ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲသို့ ၁၄ ခရိုင်ပါဝင် ယှဉ်ပြိုင်ကြပြီးမေလ၁၃ ရက် အထိ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ