နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များနှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄) ကျင်းပ

ရန်ကုန်၊ မေ ၈

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄)ကို  ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ခရိုင်မှူးများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။ 

အစည်းအဝေးတွင် မြို့တော်ဝန်က “ဘဏ္ဍာရေးနှစ်၏ ဒုတိယလ သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် မဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီးပုံများကို စနစ်တကျမှတ်တမ်း ပြုစုရန်၊ ဇွန်လမှစတင်၍ မိုးရာသီသစ်ပင်စိုက်ပွဲတော်များလုပ် ဆောင်ရန်၊ သောက်သုံးရေပြတ်လပ်မှု မရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ရွှေပြည်သာတံတား၊ အောင်ဇေယျတံတားနှင့်ဘုရင့် နောင်တံတားများသို့ စီးဆင်းသည့်ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ မြို့နယ်များ၌ ကျူးကျော်နေထိုင် မှုများမရှိစေရေး ဆောင်ရွက်ရန်၊ စာရွက်စာတမ်း လုံခြုံရေးအမိန့်နှင့် ညွှန်ကြားချက်များကို လုံခြုံစွာသိမ်းဆည်းရန်၊  ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ချောင်းများ၊ မြောင်းများ ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး ကြိုတင် ရှင်းလင်းထားရန်” တို့ကို မှာကြားသည်။ 

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။








သတင်း-မိုးမြင့်မောင်/ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ